ပြည်ကြီးတံခွန် ဇွန် ၁၁
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်လျှပ်စစ်မန် နေဂျာရုံးရှိ လျှပ်စစ်ဝန်ထမ်းများအား ယမန်နေ့မွန်းလွဲ ၂ နာရီခွဲက မိုဘိုင်းရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်၊ စာစောင်များအား အခမဲ့ ဆက်လက်ငှားရမ်း ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ စာအုပ်စာစောင်များ ငှားရမ်းဆောင်ရွက်ပေးရာတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ် စေရန်၊ စာဖတ်ခြင်းဖြင့် ရရှိလာမည့် စာပေအကျိုးကျေးဇူးများ ရရှိစေရန် ရည်ရွယ်၍ ယင်းမိုဘိုင်းရွေ့လျားစာကြည့်တိုက်ယာဉ်တွင် သုတ၊ ရသ စာအုပ်ပေါင်း နှစ်ထောင်ကျော်ရှိပြီး နှစ်ပတ်လျှင် တစ်ကြိမ်အခမဲ့လှယ်လဲ ပေးသွားမည်ဖြစ်ပြီး မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက အခမဲ့ငှားရမ်း ဆောင်ရွက်ပေးခဲ့သည်။
ယင်းစာအုပ်စာစောင်များကို ငှားရမ်းဖတ်ရှုလိုပါက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် အခမဲ့လာရောက်ငှားရမ်း ဖတ်ရှုနိုင်ကြောင်း သိရသည်။
ဇင်မင်းမောင်(ခရိုင်၊ ပြန်/ဆက်)