ကျေးသီး ဇွန် ၁၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယနေ့နံနက်ပိုင်းက Book Club ဝင်များဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စန်းစန်းယဉ်က စာဖတ်ဝိုင်းပြုလုပ်ရခြင်းရည်ရွယ်ချက်ဖြစ်သည့် ပြည်သူများစာဖတ်ရှိန်မြှင့်တင်ရေး၊ စာပေဖတ်ရှုသည့်အလေ့အထများဖြစ်ပေါ်လာစေရေး၊ လူငယ်များအနေဖြင့်စာဖတ်ဝိုင်းဆောင်ရွက်ခြင်းဖြင့် ပြောဆိုဆွေးနွေးသည့် အခွင့်အလမ်းများရရှိစေရေးစသည့် အကြောင်းအရာများအပြင် စာဖတ်ဝါသနာပါသူများစုစည်း၍ စာအုပ်စာစောင်ချစ်မြတ်နိုးသူများ အသင်း(Book Club)များ ဖွဲ့စည်းပြီး စာဖတ်ဝိုင်းပြုလုပ်ရခြင်းအကြောင်းပြောကြားကာ Book Club ဝင်များက စာရေးဆရာကျော်ဝင်း ရေးသားသည့် ‘နှစ်ဆယ့်တစ်ရာစု သားရွှေဥ’ စာအုပ်တွင် ပါဝင်သည့်အကြောင်းအရာများကို လေ့လာဖတ်ရှုကြပြီး တစ်ဦးနှင့်တစ်ဦးအပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း၊ အဆိုပါစာအုပ်သည် လူငယ်လူရွယ်များအနေနဲ့ လေ့လာဖတ်ရှုသင့်သည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်ကြောင်းသိရသည်။
ကျေးသီး(ပြန်/ဆက်)