ကလောမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်‌ရေး အသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်

ကလော ဇွန် ၁၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ဇွန်လ ၉ ရက်နေ့ မွန်းလွဲပိုင်းက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်‌ရေးအတွက် အသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှကျောင်းအုပ် ဆရာမကြီးဒေါ်‌နော်ခင်ခင်နိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကလောမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာ၊ ဒုတိယဦးစီးမှူး ဒေါ်ပြည့်ဖြိုးကြွယ်က စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာအုပ်၊စာ‌စောင်များအားကျောင်းအားလပ်ချိန်တွင် ဖတ်ရှု့‌လေ့လာခြင်းဖြင့်ရရှိလာမည့် အကျိုးကျေးဇူးအကြောင်းတို့ကို အသိပညာပေးဟောပြောခဲ့သည်။ 

ထို့နောက် ကျောင်းသား၊ကျောင်းသူများအား ကျောင်းစာအပြင်၊ပြင်ပဗဟုသုတများတိုးပွားစေရေးအတွက် လူကုန်ကူးမှုဆိုင်ရာအကြောင်းအသိပညာပေး နံရံကပ်စာစောင်များပြသခဲ့ရာ ကျောင်းသား၊ကျောင်းသူများက စိတ်ပါဝင်စားစွာလေ့လာဖတ်ရှု့ကြကြောင်းသိရှိရသည်။

မြို့နယ်(ပြန်/ဆက်)