မိုင်းရှူးမြို့၌ အသက်(၁၀)နှစ်နှင့် အထက်ပြည့်ပြီးသော ကျောင်းသား/ကျောင်းသူများအား ရက်(၁၀၀)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် Biometric (UID) စာရင်းကောက်ယူခြင်းလုပ်ငန်း ကွင်းဆင်းဆောင်ရွက်

မိုင်းရှူး ဇွန် ၁၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် အသက်(၁၀)နှစ်နှင့် အထက်ပြည့်ပြီးသော ကျောင်းသား/ကျောင်းသူများအား ရက်(၁၀၀)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် Biometric (UID)စာရင်းကောက်ယူခြင်းလုပ်ငန်းများကို ယမန်နေ့နံနက်(၉)နာရီက အခြေခံပညာအထက်တန်းကျောင်း၊ ခရေဆောင်ခန်းမ၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

အဆိုပါ ကွင်းဆင်းဆောင်ရွက်မှုကို (Grade-6)နှင့် (Grade-7) ကျောင်းသား၊ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID များထုတ်ပေးနိုင်ရေးအတွက် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးကျော်ခိုင်ဝင်းနှင့်ဝန်ထမ်းများက လိုအပ်သော အချက်အလက်များစိစစ်ကောက်ယူ၍ နေ့ချင်းပြီးကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြပြီး ထုတ်ပေးပြီးစီးသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ခရိုင်နှင့်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များက ကျောင်းသား၊ကျောင်းသူများထံ လက်ဝယ်အရောက်ပေးအပ်ခဲ့ကြကြောင်း သိရသည်။

မိုင်းရှူး(ပြန်/ဆက်)