မိုင်းရယ်မြို့တွင် တစ်အိမ်တက်ဆင်း မီးဘေးလုံခြုံရေးစစ်ဆေးခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

မိုင်းရယ် ဇွန် ၁၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် မီးသတ်ဦးစီးဌာနမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးသီဟစိုးဦးဆောင်သည့် သန္ဓေတပ်ဖွဲ့ဝင် ၄ ဦးပါဝင်သောအဖွဲ့သည် နိုင်ငံတော်အစိုးရ၏ ပထမရက် ၁၀၀ စီမံချက်လုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်မှုအနေဖြင့် မြို့ပေါ်ရပ်ကွက်ရှိ ပြည်သူများ၏ နေအိမ်များသို့ မီးဘေးလုံခြုံရေး စစ်ဆေးခြင်းလုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းမှစ၍ ကွင်းဆင်းဆောင်ရွက်သည်။

ထိုသို့ဆောင်ရွက်ရာတွင် အမှတ်(၃)ရပ်ကွက်ရှိ နေအိမ် ၉ အိမ်၌ တစ်အိမ်ချင်းအလိုက် မီး(လျှပ်စစ်၊ ထင်း၊ မီးသွေး၊ ဂတ်စ်၊ ဆိုလာ) သုံးစွဲမှု၊ မီးချိပ်/မီးကပ်များချိပ်ဆွဲထားမှု၊ မီးသတ်ဆေးဘူးများထားရှိမှု၊ မီးကို သတ်မှတ်ချိန်များအတိုင်း သုံးစွဲမှုရှိ/မရှိနှင့်ရေရရှိမှုနှင့် ရေသိုလှောင်ထားရှိမှု အခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးပြီး ထမင်း/ဟင်းချက်ပြုတ်ရာတွင် မီးကိုသတ်မှတ်ချိန်အတွင်းသာ သုံးစွဲသွားရေး၊ နေအိမ်ရှေ့တွင် မီးချိပ်/မီးကပ်များပြုလုပ်ချိပ်ဆွဲထားရေး၊ သက်တမ်းလွန်မီးသတ်ဆေးဘူးများအား ပြန်လည်လဲလှယ်အသုံးပြုသွားရေးစသည့် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ရှောင်ရန်၊ ဆောင်ရန်များကို အသိပညာပေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုင်းရယ်(ပြန်/ဆက်)