မိုင်းဆတ်မြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ဉာဏစွမ်းရည်ပြိုင်ပွဲများ ကျင်းပ

မိုင်းဆတ် ဇွန် ၁၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနသည် ကျောင်းသား၊ကျောင်းသူများ ဉာဏ်ရည်၊ ဉာဏ်သွေးထက်မြက်စေရန် ပြိုင်ပွဲများစဉ်ဆက်မပြတ်  ကျင်းပပြုလုပ်ပေးလျက်ရှိရာ ယမန်နေ့ နေ့လယ်ပိုင်းက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ဉာဏစွမ်းရည်ပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ ဝန်ထမ်းများက ပြိုင်ပွဲကျင်းပရခြင်း၏ရည်ရွယ်ချက်နှင့် ပြိုင်ပွဲစည်းကမ်းများကို ရှင်းလင်းပြောကြားပြီး အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲ၊ သင်္ချာစွမ်းရည်ပြိုင်ပွဲနှင့် ဉာဏ်စမ်းပြိုင်ပွဲများကျင်းပရာ အခြေခံပညာအထက်တန်းကျောင်း(မိုင်းဆတ်)မှ မူလတန်းနှင့်အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၁၄)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသော ကျောင်းသား၊ကျောင်းသူများအား  ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ကာ ပြိုင်ပွဲဝင်ကလေးများအား အာဟာရဖြည့်မုန့်များပေးဝေခဲ့ကြောင်း သိရသည်။

 ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိုင်းဆတ်ခရိုင်ရုံးအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်၊ ဉာဏ်သွေးထက်မြက်စေရန်၊ နောင်တစ်ချိန်တွင် နိုင်ငံတော်က အားကိုးအားထားပြုရမည့် လူရည်ချွန်၊ လူရည်မွန်များဖြစ်ပေါ်လာစေရန်နှင့် စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်မှုရရှိကာ စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိလာစေရန်ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။ 

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)