နမ့်စန်(တ) ဇွန် ၁၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှဆောင်ရွက်သည့် မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား အသက်(၂၅)နှစ်အောက် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲကို ယမန်နေ့ နံနက် ၁၁ နာရီက အမှတ်(၅)ရပ်ကွက်ရှိ မြို့နယ်အားကစားရုံတွင် စတင်ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲကို မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဦးစောနိုင်ဝင်းနှင့်တာဝန်ရှိသူများက စနစ်တကျကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး ရပ်ကွက်နှင့် ကျေးရွာများမှ ပြိုင်ပွဲဝင် ပိုက်ကျော်ခြင်းအသင်း (၆)သင်းပါဝင်ယှဉ်ပြိုင်လျက်ရှိကာ ဇွန် လ ၁၁ ရက်နေ့တွင် ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပသွားမည်ဖြစ်ကြောင်း မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနထံမှ သိရသည်။
သူရအောင်(နမ့်စန်)