စဉ့်ကိုင် ဇွန် ၁၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ Pfizer(Covid-19)ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက တရုတ်စုရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Pfizer ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး၏ ကြီးကြပ်မှုဖြင့် မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ ကျန်းမာရေးကြီးကြပ်(၁) ဦးရဲမင်းဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံပေးခြင်းကို Covid-19 ရောဂါကာကွယ်ဆေး တစ်ကြိမ်မျှ မထိုးနှံရသေးသူများ၊ Covid-19 ရောဂါ ကာကွယ်ဆေး နောက်ဆုံးအကြိမ် ထိုးနှံပြီးစီးမှုကာလ (၆)လပြည့်ပြီးသူများ၊ နာတာရှည်ရောဂါခံစားနေရသူများ၊ ကာကွယ်ဆေးနောက်ဆုံး အကြိမ်ထိုးနှံခဲ့သည့် ကာလ(၁၂)လ ပြည့်ပြီးသူများနှင့် ကိုယ်ခံအားနည်းရောဂါရှိ၍ ကာကွယ်ဆေးထိုးနှံရန် လိုအပ်သူ စုစုပေါင်း ၁၂၀ ဦးအား ထိုးနှံပေးခဲ့ကြောင်းနှင့်ထိုးနှံရန် သိရသည်။
ကျော်စွာ(စဉ့်ကိုင်)