ချမ်းမြသာစည် ဇွန် ၁၀
ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အမှတ်(၁၁) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု၊ မန္တလေးမှ ကြီးမှူးကျင်းပသော ရပ်ရွာအခြေပြုလူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေး ရက်တိုသင်တန်းကို ချမ်းမြသာစည်မြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ယနေ့ဇွန် ၁၀ ရက်နေ့နံနက်ပိုင်းက ကျင်းပဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ချမ်းမြသာစည်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထင်ဇော်ဦးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အမှတ် (၁၁) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ ဒုတိယတပ်ဖွဲ့မှူး ဒုတိယရဲမှူး ဦးအောင်ဇော်မြင့်က ရပ်ရွာအခြေပြု လူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေး ရက်တိုသင်တန်းနှင့် ပတ်သတ်သော အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့ကာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြသည်။
ရပ်ရွာအခြေပြု လူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေး ရက်တိုသင်တန်းကို နံနက် (၉) နာရီမှ ညနေ (၄) နာရီထိ သင်တန်းနည်းပြ (၃) ဦးမှ သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းသား၊သင်တန်းသူ ၉၈ ဦး တက်ရောက်သင်ကြားသွားမည်ဖြစ်သည်။
အဆိုပါ အခမ်းအနားသို့ ချမ်းမြသာစည်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထင်ဇော်ဦး၊ အမှတ်(၃) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ခွဲမှူး ယာယီဒုတိယရဲမှူး ကြီးစိုးမင်း၊ အမှတ်(၁၁) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ တပ်ဖွဲ့စုမှူး ရဲမှူးခင်မာဝင်း၊ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး ရဲတပ်ဖွဲ့စု(မန္တလေး) တပ်ဖွဲ့စုမှူး ရဲမှူးသူဇာလွင်၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း တာဝန်ရှိသူများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အလင်းသစ်(ပြန်/ဆက်)