တောင်သာ ဇွန် ၉
မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၌ အစိုးရသစ်လက်ထက် ရက်(၁၀၀) စီမံချက်ဖြင့် ကျန်းမာရေးအသိပညာပေးဟောပြောပွဲကို ဇွန် ၉ ရက် နံနက် ၈နာရီက အောင်သုခဓမ္မာရုံအတွင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကျန်းမာရေးအသိပညာပေးဟောပြောပွဲတွင် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအောင်မျိုးဝင်းက ကျန်းမာရေးဆိုင်ရာ သိသင့်သိထိုက်သောအကြောင်းအရာများနှင့် သွေးလွန်တုပ်ကွေးမဖြစ်ပွားစေရန် ကာကွယ်ရေးနည်းလမ်းများအကြောင်းနှင့် ကြိုတင်ကာကွယ်ခြင်း သည် ကုသခြင်းထက် ပိုမိုကောင်းမွန်ကြောင်း ဟောပြောပြီးနောက် ဒေါက်တာဒေါ်ညွန့်ညွန့်ဝေက အပူဒဏ်ကာကွယ်ရေးအကြောင်း၊ ဒေါက်တာဧကရီမြတ်က တီဗွီရောဂါဖြစ်ပွားရခြင်းအကြောင်း၊ ကျန်းမာရေးမှူး ဦးဝင်းဟန်က သွေးလွန်တုပ်ကွေးရောဂါအကြောင်း၊ အမျိုးသမီး ကျန်းမာရေး ဆရာမဒေါ်တင်မာစန်းက ဝမ်းပျက်ဝမ်းလျှောရောဂါအကြောင်း အသိပေး ဟောပြောခြင်းများနှင့် အမှတ် ၅ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးပျို့မောင်က ကျန်းမာရေးဌာနအား ကျေးဇူးတင်စကားပြောကြားခဲ့ပြီး တက်ရောက်လာသူများက သိရှိလိုသည့် မေးမြန်းချက်များကို မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအောင်မျိုးဝင်းမှ ဖြေကြားခဲ့ပြီးနောက် အဘိတ်ဆေးများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ကျော်မျိုးနိုင်(တောင်သာ)