ကိုကိုးကျွန်း ဇွန် ၉
ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် ကိုကိုးကျွန်းမြို့နယ် ယနေ့နံနက် (၉) နာရီအချိန်တွင် ကိုကိုးကျွန်းမြို့နယ်ခန်းမ၌ သွေးလွန်တုပ်ကွေး အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးညီညီစောမှ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကုသရေးနှင့်ကျန်းမာရေးဌာနမှူး ဒေါက်တာအောင်လင်းဦးမှ သွေးလွန်တုပ်ကွေးဖြစ်ပွားရသည့် အကြောင်းရင်းများနှင့် သွေးလွန်တုပ်ကွေး မဖြစ်ပွားစေရေး ကြိုတင်ကာကွယ်ရမည့် အချက်များကို အကျယ်တဝင့် ရှင်းလင်းဟောပြောခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးညီညီစောနှင့် စီမံအဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေး အဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဝန်ထမ်းများ၊ အမျိုးသမီးရေးရာ ကော်မတီဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ဒေသခံပြည်သူများတက်ရောက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ ကျန်းမာရေးဝန်ထမ်းများက အခမ်းအနားသို့ တက်ရောက်လာသူများအား သွေးလွန်တုပ်ကွေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဇော် (ပြန်/ဆက်)