မဟာအောင်မြေခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား ဖိတ်ခေါ်အသက်(၂၂) အောက် ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်လှစ်

မန္တလေး    ဇွန် ၉

မန္တလေးတိုင်းဒေသကြီး ၂၀၂၆ခုနှစ် မဟာအောင်မြေခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဖိတ်ခေါ် အသက်(၂၂)အောက်ပိုက်ကျော်ခြင်းပြိုင်ပွဲဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီက ချမ်းအေးသာစံမြို့နယ်၊ ဗထူး အားကစားခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်ညွန့်က အမှာစကားပြောကြားခဲ့ပြီး ပြိုင်ပွဲအား ဖွင့်လှစ်ပေးသည်။ ယင်းနောက် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်ညွန့်နှင့် အဖွဲ့ဝင်များက အားကစားသမားများအား လိုက်လံနှုတ်ဆက်အားပေးသည်။

အခမ်းအနားကို ဇွန် ၉ ရက်မှ ၁၁ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး ပိုက်ကျော်ခြင်းအသင်း အုပ်ချုပ်နည်းပြများက ဦးစီး၍ ပြိုင်ပွဲဝင်အသင်း ၇ သင်းဖြင့် ပါဝင်ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။

ဇင်မင်းမောင် (ခရိုင်၊ ပြန်/ဆက်)