တပ်ကုန်းမြို့၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းညှိနှိုင်း ဆောင်ရွက်

တပ်ကုန်း ဇွန် ၉

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် ဒေသဖွံ့ဖြိုးရေးအတွက် လုပ်ငန်းညှိနှိုင်းခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

အဆိုပါညှိနှိုင်းပွဲတွင် ဥတ္တရခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြတ်ကိုထွေးက ကျောင်းနေကလေးများ ကျောင်းသို့ရောက်ရှိရေး၊ စက်မှုစိုက်ပျိုးမွေးမြူရေးကျောင်းတွင် သတ်မှတ်ကျောင်းသား၊ ကျောင်းသူဦးရေးပြည့်မီရေး၊ ဒေသဖွံဖြိုးရေးလုပ်ငန်းများ ဌာနဆိုင်ရာများနှင့်ပေါင်းစပ်ဆောင်ရွက်ရေး၊ မူးယစ်ဆေးဝါးအန္တရာယ်ကင်းဝေးရေး၊ အွန်လိုင်းလောင်းကစားများမရှိစေရေး၊ အွန်လိုင်းလိမ်လည်မှုမဖြစ်ပေါ်စေရေး ရှင်းလင်းမှာကြားခဲ့ပြီးနောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သူက ဒေသဆိုင်ရာအချက်အလက်များနှင့်ပညာရေး၊ စိုက်ပျိုးမွေးမြူရေးဆောင်ရွက်ထားရှိမှုများ ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် တက်ရောက်လာသည့် မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူးများက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ ရှင်းလင်းတင်ပြခဲ့ပြီးနောက် ဥတ္တရခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက နိဂုံးချုပ်အနေဖြင့် ဓာတ်မြေဩဇာရရှိစေရေး၊ ကြဲပက်စနစ်ပပျောက်စေရေးနှင့် ပျိုး၊ မြေ၊ ရေ၊ နည်း မှန်ကန်စေရေး ရှင်းလင်းမှာကြားခဲ့ကြောင်း သိရသည်။

တင်စိုးလွင်