မဟာအောင်မြေမြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိ

မဟာအောင်မြေ ဇွန် ၉

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၌ COVID-19 ကာကွယ်ဆေးကို မဟာအောင်မြေမြို့နယ်အတွင်း စုရပ်များဖွဲ့၍ ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံပေးခြင်းကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တစ်ကြိမ်မျှ မထိုးနှံရသော အသက် (၁၈)နှစ်အထက် ရှိသူများအား ကာကွယ်ဆေးတစ်ကြိမ်ထိုးနှံပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး နောက်ဆုံးအကြိမ် ထိုးနှံပြီးစီးမှုကာလ (၆)လပြည့်ပြီးသော ကျန်းမာရေးဝန်ထမ်းများနှင့်နိုင်ငံ့ဝန်ထမ်းများအားလုံး၊ အသက် (၆၀)နှစ်အထက်ရှိသူများ၊ အသက် (၅၀)နှစ်အထက် နာတာရှည်ရောဂါရှိသူများ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး နောက်ဆုံးအကြိမ် ထိုးနှံပြီးစီးမှုကာလ (၁၂)လပြည့်ပြီးသော အသက်(၁၈)နှစ်အထက် နာတာရှည်ရောဂါရှိသူများ၊ အသက် (၁၈)နှစ်အထက် ကိုယ်ခံအားနည်းရောဂါရှိပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံ‌ရန် လိုအပ်သူများကို မဟာအောင်မြေမြို့နယ်အတွင်း စုရပ်များဖွဲ့၍ ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

အောင်ဇော်မင်း