နွားထိုးကြီးမြို့နယ်၌ ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး ထိုးနှံ

နွားထိုးကြီး ဇွန်

မန္တလေးတိုင်းဒေသကြီး နွားထိုးကြီးမြို့နယ်၊မြို့နယ်၊ပြည်သူ့ဆေးရုံတွင် ဇွန် ၉ ရက်  နံနက် ၈ နာရီခွဲမှစတင်ကာ  Pfizer LP-8-1 ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေးကို ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဝန်ထမ်း မိသားစုဝင်များကို ထိုးနှံပေးခဲ့ကြောင်းသိရသည်။

ကာကွယ်ဆေးထိုးနှံရာတွင် ဇွန် ၁၁ ရက်အထိ မြို့ပေါ်ရပ်ကွက်ရှိပြည်သူများနှင့် ကျေးရွာများမှကာကွယ်ဆေးလာရောက်ထိုးနှံလိုသူများအား ရပ်ကွက်အသီးသီးရှိဓမ္မာရုံများတွင် စုရပ်ထားရှိ၍ ထိုးနှံပေးသွားမည်ဖြစ်ကြောင်းသိရသည်။

တင့်လွင်ဦး