မြိတ် ဇွန် ၅
တနင်္သာရီတိုင်ဒေသကြီး၊ မြိတ်မြို့တွင် ကျောင်းသား၊ကျောင်းသူများအား လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် UID ကတ်ပြားများကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံး ဝန်ထမ်းများက ယနေ့တွင် မြိတ်မြို့နယ် ကလွင်ကျေးရွာရှိ အ.ထ.က(၈)တွင် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။
“လမင်းစီမံချက်နဲ့ အခြေခံပညာအလယ်တန်းကျောင်းများ အထက်တန်းကျောင်းများ ကျောင်းသား၊ ကျောင်းသူများကို ဇွန်(၁)ရက်မှ ဇူလိုင် (၃၁)ရက်ထိ သက်ဆိုင်ရာ ကျောင်းများသို့ ကွင်းဆင်းပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်ပြားများကို ကွင်းဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်” ဟု လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်ထွန်းလင်းက ပြောသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် ကျောင်းသား၊ ကျောင်းသူများအား အသက်(၁၀)နှစ်နှင့်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးခြင်း ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူခြင်းလုပ်ငန်းများကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ် ဦးစီးမှူးရုံး ဝန်ထမ်းများက ဆောင်ရွက်ပေးနေမှုအား လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့နှင့် တာဝန်ရှိသူများက ကြည့်ရှုူအားပေးကြပြီး ဆောင်ရွက်ပြီးသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်ပြားများကို ကျောင်းသား၊ ကျောင်းသူများအား ပေးအပ်ကြကြောင်း သိရသည်။
ခိုင်ထူး (ပြန်/ဆက်)