မိုင်းပန် ဇွန် ၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် ပညာရေးဦးစီးဌာနနှင့် ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ ၂၀၂၆-၂၀၂၇ပညာသင်နှစ် မြို့နယ်အဆင့် ကျန်းမာရေးအဆင့်မြင့် ကျောင်းဆရာဖြစ် သင်တန်းဖွင့်ပွဲအခမ်းအနားကို မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၉ နာရီက ကျင်းပသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကုသရေးဦးစီးမှူး ဒေါက်တာနိုင်လင်းထွန်း၊ မြို့နယ်ပညာရေးမှူး ဒေါ်ခင်နှင်းဆီနှင့် ဒုတိယပညာရေးမှူး ဦးထွန်နေအောင်တို့က ၂၀၂၆-၂၀၂၇ပညာသင်နှစ် မြို့နယ်အဆင့် ကျန်းမာရေးအဆင့်မြင့်ကျောင်းဆရာဖြစ်သင်တန်းအကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါသင်တန်းအား ဇွန်လ ၅ရက်နေ့၊ ၆ ရက်နေ့နှင့် ၇ ရက်နေ့အထိ သင်တန်းကာလ (၃) ရက် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်( ပြန်/ဆက်)