နမ့်စန် (တ) ဇွန် ၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ အကြိုအခြေခံမီးသတ်ပညာသင်တန်း (၁/၂၀၂၆) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်မီးသတ်ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးဇေယျာဟန်က သင်တန်းဆင်းအမှာစကားပြောကြားခဲ့သည်။
ထို့နောက် နမ့်စန်မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးမြင့်အောင် နှင့် ကွန်ဟိန်းမြို့နယ် မီးသတ်ဦးစီးမှူး ဦးစိုးမင်းကျော်တို့က သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ရာ သင်တန်းသား သင်တန်းသူများက လက်ခံရယူခဲ့ကြသည်။ ဈေး၊ ဈေးဝယ်စင်တာ၊ စက်သုံးဆီသိုလှောင်ဖြန့်ဖြူးရေးလုပ်ငန်းများ၊ စက်ရုံ၊ အလုပ်ရုံ၊ စုပေါင်းပိုင်အဆောက်အအုံ၊ အလုပ်ဌာန၊ အဖွဲ့အစည်းနှင့် မီးဘေးစိုးရိမ်ရသော လုပ်ငန်းများတွင် သီးသန့်မီးသတ်တပ်ဖွဲ့များ စနစ်တကျလေ့ကျင့်ဖွဲ့စည်းရန်နှင့် မီးလောင်မှုများဖြစ်ပွားပါက ကနဦး လက်ဦးမှုရယူ၍ မီးငြှိမ်းသတ်နိုင်ခြင်းဖြင့် အသက်အန္တရာယ်ထိခိုက်ဆုံးရှုံးမှုနှင့် ပစ္စည်းဥစ္စာ ဆုံးရှုံးမှုများ နည်းပါးစေရန်ရည်ရွယ်၍ အဆိုပါသင်တန်းကို မေလ ၂၅ ရက်မှ စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး နမ့်စန်မြိုနယ်နှင့် ကွန်ဟိန်းမြို့နယ်တို့မှ သီးသန့်မီးသတ်တပ်ဖွဲ့ဝင် သင်တန်းသား သင်တန်းသူ(၃၁)ဦးတက်ရောက်ခဲ့ကြောင်း နမ့်စန်မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။
သူရအောင်(နမ့်စန်)