ကရသူရိမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား၊ ​ကျောင်းသူ (၄၀၆)ဦး ပညာသင်ကြားလျက်ရှိ

ကရသူရိ ဇွန် ၆

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် ကျောင်းသား၊ ကျောင်းသူ(၄၀၆)ဦး ဇွန် ၅ ရက်၊ နံနက် ၉ နာရီတွင် အေးချမ်းစွာပညာသင်ကြားလျက်ရှိသည်။

၂၀၂၆-၂၀၂၇ ပညာသင်နှစ်ကို ဒေသခံနှင့် ရပ်နီး/ရပ်ဝေး ကျောင်းသား၊ ကျောင်းသူပေါင်း(၄၂၃)ဦး အပ်နှံပြီးစီးပြီး ယနေ့အထိ တက်ရောက်ပညာသင်ကြားသူ ဦးရေ(၄၀၆)ဦးနှင့် ပျက်ကွက်သူ (၁၇)ဦး ရှိကြောင်း ကရသူရိမြို့ ပညာ‌ရေးဦးစီးဌာနမှ သိရသည်။

အဆိုပါ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်ကို ဆရာ/ဆရာမများက သင်ခန်းစာများကို စနစ်တကျ သင်ကြားပို့ချပေးလျက်ရှိပြီး ကျောင်းသား၊ ကျောင်းသူများက အေးချမ်းစွာ သင်ယူလျက်ရှိကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)