နောင်ချို ဇွန် ၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာရေးဆရာ နန္ဒာသိန်းဇံ ရေးသားသော “ခရောင်းလမ်းကိုဖြတ်ကျော်ခြင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းထွေးက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီးနောက် Book Club အဖွဲ့ဥက္ကဋ္ဌ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးပေါင်ခန့်လန်မှ “ဝိုးတဝါးလမ်းနှင့် အတွေးအမြင်အလင်းရောင်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Book Club အဖွဲ့ဝင် ဦးမြို့ကျော်မှ “တွေဝေခြင်းကိုကျောခိုင်းခြင်း”ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးရှင်းလင်း ပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာသည့် Book Club အဖွဲ့ဝင်မျာမှလည်း ကြိုက်နှစ်သက်ရာ ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နောင်ချိုမြို့နယ်ရုံးအနေဖြင့် သက်ဆိုင်ရာ Club အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲများကို လစဉ်ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။
မြို့နယ်၊ ပြန်/ဆက်