ကျောက်မဲမြို့၌ သီးသန့်တပ်ဖွဲ့ဝင်များ အကြိုအခြေခံမီးသတ်ပညာသင်တန်း ဆင်းပွဲကျင်းပ

ကျောက်မဲ ဇွန် ၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့၌ သီးသန့်တပ်ဖွဲ့ဝင်များအကြို အခြေခံမီးသတ်ပညာသင်တန်း(၁/၂၀၂၆) ဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ရပ်ကွက်(၁)ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

​ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးညွှန့်ရွှေက သင်တန်းဆင်း အမှာစကားပြောကြားသည်။ ထို့နောက် ကျောက်မဲခရိုင်မီးသတ်တပ်ဖွဲ့မှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးကိုကိုဦးက သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်သည်။

​ယင်းနောက် သင်တန်းဆင်းပွဲသို့တက်ရောက်လာကြသည့် ခရိုင်မီးသတ်တပ်ဖွဲ့မှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ သင်တန်းသား သီးသန့်မီးသတ်တပ်ဖွဲ့ဝင် ၂၆ ဦးတို့က ရေစိုဝတ်ဖြင့် မီးငြိမ်းသတ်နည်း၊ မီးသတ်ဆေးဘူးဖြင့် မီးငြိမ်းသတ်နည်းနှင့်စက်သုံးဆီမီးလောင်မှုများကို  အမြှုပ်‌ဆေး များဖြင့်မီးငြိမ်းသတ်နည်းများကို  လက်တွေ့သရုပ်ပြသခဲ့ကြသည်။

​အဆိုပါ မီးသတ်သင်တန်းကို မေ ၂၅ ရက်မှ စတင်ဖွင့်လှစ်သင်ကြားခဲ့ခြင်းဖြစ်ပြီး ယနေ့ သင်တန်းဆင်းပွဲသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရဲမှူးကျော်နိုင်လင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပုဂ္ဂလိကစက်သုံးဆီဆိုင် ဝန်ထမ်းများ စုစုပေါင်း (၄၀) ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

​ခရိုင်ပြန်/ဆက်