ကျေးသီးမြို့၌ ပုံမှန်ကာကွယ်ဆေးတိုက် ဆေးထိုးခြင်းလုပ်ငန်းများ ဆောင်ရွက်

ကျေးသီး ဇွန် ၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးဆေးခန်းတွင် အသက်(၂)လမှ (၁၀)နှစ်အတွင်း ကလေးများကို ပုံမှန်ကာကွယ်ဆေးတိုက်၊ ဆေးထိုးခြင်းလုပ်ငန်းများကို ယနေ့နံနက် (၉)နာရီမှ စတင်၍ ဆောင်ရွက်ပေးလျက်ရှိသည်။

ပုံမှန်ကာကွယ်ဆေးထိုးခြင်းဖြင့် ကလေးငယ်တို့ကို ပြင်းထန်တီဘီရောဂါ၊ ဆုံဆို့နာရောဂါ၊ ချောင်းဆိုးရေးဂါ၊ ပိုလီယိုအကြောသေရောဂါ၊ မေးခိုင်ရောဂါ၊ အသည်းရောင် အသားဝါ (ဘီ) ရောဂါ၊ ဦးနှောက်အမြှေးရောင်ရောဂါ၊ ပြင်းထန်အဆုတ်ရောင်ရောဂါ၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ဂျပန်ဦးနှောက်ရောင်ရောဂါ၊ ဝက်သက်ရောဂါ၊ ဂျိုက်သိုးရောဂါနှင့် ငှက်ဖျား‌ရောဂါတို့မှ ကာကွယ်ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

ကျေးသီး(ပြန်/ဆက်)