ရပ်စောက် ဇွန် ၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ နိုင်ငံတော်အစိုးရ၏ ရက် ၁၀၀ စီမံချက်တွင်ပါဝင်သည့် လုပ်ငန်းစဉ်တစ်ခုဖြစ်ပြီး ဒေသခံပြည်သူများအနေဖြင့် လူမှုစီးပွားဘဝဆောင်ရွက်ရာ၊ ခရီးသွားလာရာတွင် အဆင်ပြေချောမွေ့စေရန်နှင့် နိုင်ငံသားတစ်ဦး၏အခွင့်အရေးများကို အပြည့်အဝရရှိစေရန်အတွက် အသက် ၁၀ နှစ်နှင့်အထက် ကျောင်းသား/ကျောင်းသူများအား နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များထုတ်ပေးခြင်းကို ယနေ့နံနက် ၉ နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း(ဗထူး) နဝရတ်ခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ထို့သို့ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ရပ်စောက် မြို့နယ်လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ကျော်လွင်နှင့်ဝန်ထမ်းများ၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း(ဗထူး)မှ ကျောင်းအုပ်ချုပ်မှုတာဝန်ခံအရာရှိ ဗိုလ်ကြီးမျိုးမင်းဦးနှင့် ဆရာ၊ဆရာများက ကျောင်းသား၊ကျောင်းသူများ နိုင်ငံသားစိစစ်ရေးကတ်ပြားများရရှိစေရေး ဆောင်ရွက်ပေးမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး အသက် ၁၀ နှစ်နှင့်အထက် ကျောင်းသား/ကျောင်းသူများ ၁၅၀ ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UIDကတ်များ ထုတ်ပေးနိုင်ရေးအတွက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
မြို့နယ်ပြန်/ဆက်