မိုင်းဆတ် ဇွန် ၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနကကြီးမှူး၍ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း(မိုင်းဆတ်) ခန်းမဆောင်တွင် ကျင်းပသည်။
အခမ်းအနားတွင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဝင်းဌေး အဖွင့်အမှာစကားပြောကြားပြီး ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ ကမ္ဘာ့ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ သဝဏ်လွှာဗီဒီယို၊ ကမ္ဘာ့ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ်(UNEP) အမှုဆောင်ညွှန်ကြားရေးမှူး၏ သဝဏ်လွှာဗီဒီယိုနှင့် ၂၀၂၆ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့တွင်ကျ ရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို ဂုဏ်ပြုဖော်ပြသည့်ဗီဒီယိုကိုပြသသည်။
ဆက်လက်၍ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် “ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ဖို့ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်စို့" ခေါင်းစဉ်ဖြင့် ကျင်းပခဲ့သည့် အခြေခံပညာအဆင့်စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲတွင်ဆုရရှိသည့် ကျောင်းသား/ကျောင်းသူများအား ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းခတ္တိယနှင့် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဝင်းဌေးတို့က လည်းကောင်း၊ အမျိုးသားအဆင့်နှင့် ပြည်နယ်အဆင့် သန့်ရှင်း၍ စိမ်းလန်းစိုပြေသောကျောင်းဆုရ ကျောင်းများနှင့် အလှူရှင်များအား ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ခရိုင်တာဝန်ခံအရာရှိ ဦးကောင်းသက်နိုင်ကလည်းကောင်း ဂုဏ်ပြုမှတ်တမ်းနှင့် ဂုဏ်ပြုငွေများ ချီးမြှင့်ပေးအပ်သည်။
ထို့နောက် အခမ်းအနားတက်ရောက်လာကြသည့် ခရိုင်နှင့်မြို့နယ်ဌာနဆိုင်များ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူတို့က ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်း အမှတ်ပြခန်းအား ကြည့်ရှုလေ့လာကြရာ တာဝန်ရှိသူတို့က လိုက်လံရှင်းလင်းပြသပြီး အထိမ်းအမှတ်လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)