မိုင်းကိုင် ဇွန် ၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်း တစ်ရပ်အဖြစ် စာရေးသူ အောင်သင်းရေးသားသော “လူငယ်ရဲ့ ဘဝနှင့်တန်ဖိုး” စာအုပ်ဖြင့် စာဖတ် ဝိုင်းကို ယမန်နေ့ နေ့လည်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်ခန်းမတွင် ကျင်းပပြုလုပ်ရာ ပြည်သူ့စာကြည့်တိုက်၏ Book Club, Youth Club, Women Club အဖွဲ့ဝင်များနှင့် စာချစ်သူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နန်းလှိုင်လှိုင်ဦးက စာဖတ်ဝိုင်းကျင်းပရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်း၍ စာအုပ်ပါ “ဘဝရဲ့အဓိပ္ပာယ်၊ အချိန်ကိုဘယ် လိုအသုံးချသလဲ၊ ထိပ်ဆုံးကလူ၊ နှလုံးသားပေါ်ကခြေရာများ” ခေါင်းစဉ်များဖြင့် စတင်ဆွေးနွေးပြီး စာချစ်သူများဖြစ်ကြသော နယ်မြေခံတပ်မှ ဗိုလ်ကြီးအောင်ကျော်စော၊ Book Club အဖွဲ့ဝင် ဒေါ်ညွှန့်ရီ၊ ဒေါ်နန်းလုံ ၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင် ဒေါ်နန်းမိုဦး တို့က “ပင်ကိုယ်တန်ဖိုး တက် ပါစေ၊ မြတ်နိုးမှုတန်ဖိုးထက် ကျော်လွန်ပါစေ၊ စည်းနဲ့ဝါး၊ လူငယ်တွေကို ရွှေချပါ” စသည့်ခေါင်းစဉ်များ ဖြင့် အသီးသီးဆွေးနွေးကြရာ တက်ရောက်လာသူများက စာအုပ်ပါအကြောင်းအရာများကို အပြန် အလှန်ဆွေးနွေးကာ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းကို ကျင်းပပြုလုပ်ခဲ့သည်။
ချော(မိုင်းကိုင်)