မိုင်းရယ် ဇွန် ၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်၌ ကြီးကြပ်ရေးအဖွဲ့ဝင်များအား ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ၊ နည်းဥပဒေများ ဆွေးနွေးပို့ချခြင်းကို ယနေ့နံနက် ၁၀ နာရီက မြိုနယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးမင်းအောင်က ကြီးကြပ်ရေးအဖွဲ့ဝင်များ၏ လုပ်ငန်းတာဝန်များကိုလည်းကောင်း၊ မြို့နယ်ဥပဒေအရာရှိ ဦးတေဇာထက်အောင်က အုပ်ချုပ်ရေးမှူးအသစ်များ ပြန်လည်ရွေးချယ်နိုင်ရေး ရပ်ကွက်နှင့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ၊ ပြင်ဆင်သည့်ဥပဒေများ၊ နည်းဥပဒေများ၊ ကြီးကြပ်ရေးအဖွဲ့ဝင်များ ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကိုလည်းကောင်း ဆွေးနွေးပို့ချခဲ့ပြီး အမှတ်(၁)(၂)(၃)ရပ်ကွက်၊ နားဖျိုင်း ကျေးရွာအုပ်စုနှင့် နားခိုကျေးရွာအုပ်စုတို့မှ ကြီးကြပ်ရေးမှူး (၂၅) ဦးတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မိုင်းရယ် (ပြန်/ဆက်)