ဝမ်းတွင်းမြို့နယ်၊ သုခချမ်းသာ စာကြည့်တိုက်၌ ကြည့်တိုက်ရှင်သန်ဖွံ့ဖြိုးရေးဆွေးနွေးပွဲ၊ စာအုပ်လှူဒါန်းပွဲနှင့် စာအုပ်ပြပွဲကျင်းပ

ဝမ်းတွင်း ဇွန် ၄

ဝမ်းတွင်းမြို့နယ်၊ ရေဆုံးကျေးရွာ၊ သုခချမ်းသာ စာကြည့်တိုက်၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်ရှင်သန်ဖွံ့ဖြိုးရေးဆွေးနွေးပွဲနှင့်စာအုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါစာကြည့်တိုက်၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်သန္တာလင်းက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် စာကြည့်တိုက်များရှင်သန်ရန်အဓိကကျပါကြောင်း၊ အနာဂတ်တွင် ဦးဆောင်မည့်လူငယ်များစာပေဖတ်ရှုမှသာ အသိပညာဗဟုသုတနှင့်ပြည့်စုံသည့် လူငယ်များ ဖြစ်လာမည်ဖြစ်ပါကြောင်း၊ ဒါ့ကြောင့်စာကြည့်တိုက်များ ရှင်သန်ခိုင်မြဲရေးကို ဝိုင်းဝန်းပံ့ပိုး ကူညီသွားကြရန်ပြောကြားခဲ့ပြီး သုတစာအုပ်များလှူဒါန်းခဲ့သည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သုတ/ရသစာအုပ်စာစောင်များကို ခင်းကျင်းပြသရာ တက်ရောက်လာသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ဌေးလှိုင်(ပြန်/ဆက်)