ပြင်ဦးလွင် ဇွန် ၄
ပြည်သူများ လမ်းအသုံးပြုရာတွင် ယာဉ်အန္တရာယ်ကင်းရှင်းစေရေးနှင့် ယာဉ်မတော်တဆမှုများ ကျဆင်းစေရန်ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နေ့လယ် ၁ နာရီက ပြင်ဦးလွင်မြို့၊ မြန်မာနိုင်ငံသစ်တောကျောင်း၊ ကျွန်းရတနာခန်းမ ၌ ကျင်းပပြုလုပ်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် အမှတ်(၉၄)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူး ဒုရဲမှူးခင်မောင်မြင့်က အဖွင့်အမှာစကားပြောကြားပြီး ရဲတပ်ကြပ်ကြီးအေးစိုး(ဇင်ယော်)က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အကြောင်းအရာများနှင့်ဆောင်ရန်၊ ရှောင်ရန်များ၊ “တကယ်အရေးကြီးလို့ ပြောတာနော်” ခေါင်းစဉ်ဖြင့်ဟောပြောခဲ့ပြီး ယာဉ်အန္တရာယ်အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။ အဆိုပါ ဟောပြောပွဲသို့ မြန်မာနိုင်ငံသစ်တောကျောင်း၊ ပြင်ဦးလွင်မြို့၊ အခြေခံသစ်တော ပညာသင်တန်း အမှတ်စဉ် (၁၂၀)မှ သင်တန်းသား ၈၉ဦး၊ သင်တန်းဆရာ ၃ဦး၊ စုစုပေါင်း ၉၂ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
သွေးသွေး (ခရိုင် ပြန်/ဆက်)