နောင်ချိုမြို့နယ်၌ ကျန်းမာရေးအဆင့်မြှင့်ကျောင်း မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဖွင့်လှစ်

နောင်ချို ဇွန် ၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၌ ကျန်းမာရေး  အဆင့်မြှင့်ကျောင်း မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီအချိန်က မြို့နယ်ပညာရေးမှူး ရုံးခန်းမ၌ ကျင်းပပြုလုပ်သည်။

သင်တန်း၌ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ အောင်ကိုဝင်းနှင့် တာဝန်ရှိသူများ၊ ဒုတိယမြို့နယ် ပညာရေးမှူး ဦးစိုးခိုင်နှင့် တာဝန်ရှိသူများက မြို့နယ်အတွင်းရှိ အထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းများအား Visit Level ကျန်းမာရေးအဆင့်မြှင့်ကာ ကျန်းမာရေးအဆင့်မြှင့်ကျောင်း ဖြစ်ပေါ်လာစေရန် ပို့ချဆွေးနွေးခဲ့သည်။

အဆိုပါ မြို့နယ်အဆင့် ဆင့်ပွားသင်တန်းသို့ မြို့နယ်အတွင်းရှိ အထက်တန်း၊ အလယ်တန်း၊ မူလတန်း ၁၈၇ ကျောင်းမှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ တက်ရောက်ခဲ့ကြပြီး သင်တန်းကာလကို ဇွန်လ ၃ ရက်နေ့မှ ဇွန်လ ၅ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးဌာနမှ သိရသည်။

မြို့နယ် (ပြန်/ဆက်)