နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) လမင်းစီမံချက်ဖြင့် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား‌နှင့် UID ကတ်ပြားများဆောင်ရွက်ပေးနေမှုအား တာဝန်ရှိသူများ ကြည့်ရှုအားပေး

ကော့သောင်း ဇွန် ၄

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊‌ ကော့သောင်းမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများမှ နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) လမင်းစီမံချက်ဖြင့် အသက်(၁၀)နှစ်ပြည့်ပြီး ကျောင်းသား၊ ကျောင်းသူလေးများအား  နိုင်ငံသားစိစစ်ရေးကတ်ပြား နှင့် UID ကတ်ပြားများဆောင်ရွက်ပေးခြင်းကို ယမန်နေ့က အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းတွင် ဆောင်ရွက်ရာ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက လာရောက်ကြည့်ရှု အားပေးခဲ့ကြသည်။

ဦးစွာ ရက်(၁၀၀)လမင်းစီမံချက်ဖြင့် လုပ်ငန်းဆောင်ရွက်ပေးနေမှု အခြေအနေများနှင့်ပတ်သက်၍ ခရိုင်ဦးစီးမှူးနှင့် မြို့နယ်ဦးစီးမှူးတို့က ရှင်းလင်းပြောကြားခဲ့ပြီး  တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူလေးများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့်UID ဆောင်ရွက်‌ ပေးနေမှုအခြေအနေများအား လိုက်လံကြည့်ရှုအားပေးခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများထံသို့ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်ပြားများ လက်ဝယ်အ‌ရောက် ပေးအပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ ရက် (၁၀၀)လမင်းစီမံချက်ဖြင့် လုပ်ငန်းဆောင်ရွက်ရာတွင် အသက်(၁၈)နှစ်ပြည့်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံ သားစိစစ်ရေးကတ်ပြားနှင့် UID ကတ် မရရှိသေးသူများအား ဆောင်ရွက်ပေးခြင်း၊အသက် (၁၈) နှစ်ပြည့် မှတ်ပုံတင်လဲလှယ်ခြင်း၊ ဟောင်းနွမ်းပျက်စီး မှတ်ပုံတင်ခြင်းများကို အသစ်လဲလှယ်ပြုလုပ်ပေးခြင်း၊ အသက် (၁၀) နှစ်နှင့်အထက် မှတ်ပုံတင်အသစ်ပြုလုပ်ပေးခြင်း၊ဇီဝဆိုင်ရာအချက် အလက်  (Biometric) ကောက်ယူ၍ UIDကတ်ပြား ထုတ်ပေးခြင်းလုပ်ငန်းများကို ဧပြီ(၂၀)ရက်နေ့မှ ဇူလိုင်လ (၃၁)ရက်နေ့ထိ မြို့နယ်ဦးစီးမှူးရုံး၌ ဆောင်‌ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)