မိုင်းပျဉ်း ဇွန် ၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်၊ ဟောင်ကန်ကျေးရွာအုပ်စု၊ နားယုန့်ကျေးရွာရှိ အခြေခံပညာမူလတန်းလွန်ကျောင်းသို့ ကျောင်းသုံးစာရေးကိရိယာများ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့နံနက်(၉)နာရီက ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်မေနှင်းသက်နှင့် လွှတ်တော်ရုံးအဖွဲ့တို့က သွားရောက်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ရှေးဦးစွာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်မေနှင်းသက်က ကျေးရွာရှိမိဘပြည်သူများအား စာသင်ကျောင်းကိစ္စများနှင့် တာဝန်ကျဆရာ၊ဆရာမများအား ရပ်ရွာမှတတ်အားသရွေ့ ကူညီစောင့်ရှောက်ပေးကြရန်နှင့် ကျောင်းသား၊ကျောင်းသူများအား ပညာရေးကိုစနစ်တကျ သင်ယူကြိုးစားကြရန် ဆွေးနွေးပြောကြားသည်။ ထို့နောက် ကျောင်းတာဝန်ခံဆရာမ ဒေါ်တင်ထားနွယ်အား ဘောပင်အနီ/အပြာများ၊ whiteboard pen၊ whiteboard duster နှင့် မင်ရည်ဗူးများ၊ ကျောင်းသား၊ကျောင်းသူ(၃၇)ဦးတို့အတွက် ခဲတံနှင့်ဗလာစာအုပ်များကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်မေနှင်းသက်နှင့် လွှတ်တော်ရုံးအဖွဲ့တို့က ထောက်ပံ့ပေးအပ်ကြရာ ကျောင်းတာဝန်ခံဆရာမမှ လက်ခံရယူခဲ့ကြောင်းနှင့် ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
နန်းသန္တာဦး