မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ခြင်းနှင့် အသိပညာပေးခြင်းဆောင်ရွက်

ပလောက်   ဇွန် ၄

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ မီးလောင်မီးလန့်မှုများ မဖြစ်ပွားမပေါ်ပေါက်စေရေးအတွက် ရက် ၁၀၀ စီမံချက်ဖြင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ခြင်းနှင့် အသိပညာပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးစစ်ဆေးခြင်းကို မြို့မီးသတ်ဦးစီးမှူး ဦးမျိုးမြင့်အောင်ဦးဆောင်၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များကလုပ်ငန်းဌာနများတွင် မီးသတ်ဆေးဘူးများ ထားရှိအသုံးပြုနိုင်မှု၊ လျှပ်စစ်မီးကြိုးများစနစ် တကျသုံးစွဲထားရှိမှု၊ ရုံးလုပ်ငန်းသုံး ဦးစားပေး- ၁ ၊ ဦးစားပေး- ၂ ဘီဒိုများ စနစ်တကျထားရှိမှု၊ မီးလောင်လွယ်သည့်ပစ္စည်းများ စနစ်တကျ သိုလှောင်ထားရှိမှုနှင့် မီးဘေးအန္တရာယ်ဖြစ်ပွားနိုင်သည့် အခြေအနေများအား စစ်ဆေးပြီး ဝန်ထမ်းများအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပလောက် (ပြန်/ဆက်)