သုံးခွ ဇွန် ၃
ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ် ကံမြင့်ကျေးရွာအုပ်စု ကံမြင့်ကျေးရွာအား ရက်(၁၀၀)စီမံချက်ဖြင့် ကျေးရွာမြေငှားဂရမ်ထုတ်ပေးခြင်း အခမ်းအနားကို ဇွန်လ ၂ ရက်နေ့ နေ့လည် ၁၂ နာရီက ကံမြင့်ကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ကျင်းပပြုလုပ်သည် ။
ရှေးဦးစွာ သန်လျင်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခရိုင်အုပ်ချုပ်ရေးမှူး (ကော်လိတ္တော် အရာရှိ) ဦးအောင်သိုက်ဝင်းမှ အဖွင့်အမှာစကားပြောကြားပြီး ကျေးရွာမြေငှားဂရမ်စာ ချုပ်များအားပေးအပ်ရာ မဥ္ဇူလမ်းမှဂရန်လျှောက်ထားသူများကိုယ်စား ဦးမျိုးမင်းသန်း အားလည်းကောင်း၊ ဖွံဖြိုးရေးလမ်းမှဂရန်လျှောက်ထားသူများကိုယ်စား ဦးပြည့်စုံဦး အားလည်း ကောင်း၊ သော်ကလမ်းမှဂရန်လျှောက်ထားသူများကိုယ်စား ဦးတင်ချိုချိုအားလည်းကောင်းပေးအပ်ခဲ့သည်။ ထို့နောက် ဦးတင်ချိုချိုက ဒေသခံများကိုယ်စားကျေးဇူးတင်စကားပြန် လည်ပြောကြားခဲ့ကြောင်းသိရသည်။ ဆက်လက်၍ ခရိုင်အုပ်ချုပ်ရေးမှူး၊ ဦးအောင်သိုက်ဝင်းက ဒေသခံများအား ကျေးရွာမြေငှားဂရမ်စာချုပ်များကို ပေးအပ်ခဲ့ကြောင်းသိရသည်။
စည်သူလင်း ပြန်/ဆက်