မိုင်းဖြတ် ဇွန် ၃
ရှမ်းပြည်နယ်၊ သယံဇာတနှင့်သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးစိုင်းဝမ်းလှိုင်းတစ်ပ်သည် ဇွန်လ ၂ရက်၊ မွန်းလွှဲပိုင်းက ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့သို့ရောက်ရှိပြီး မြို့နယ်သစ်တောဦးစီးဌာနရှိ ပျိုးထောင်သစ်ပင်များကို ကြည့်ရှုစစ်ဆေးခဲ့သည်။ ရှေးဦးစွာသယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးထံ ကျိုင်းတုံမြို့၊ သစ်တောဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်နိုင်ဦးက မြို့နယ်သစ်တောဦးစီးဌာနအတွင်း မြို့မ (ယာယီ)ပျိုးဥယျာဉ်ဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးက အထူးစိမ်းလန်းစိုပြည်ရေး စိုက်ခင်း (၃၀)ဧက၊ ၂၀၂၆ခုနှစ်၊ မိုးရာသီလူထုဖြန့်ပျိုးထောင်စိုက်ခင်းနှင့် ၂၀၂၇ခုနှစ်၊ မိုးရာသီလူထုဖြန့် ကြိုတင်ပျိုးထောင် ထာရှိသည့် အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန်မှာ ကြားခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)