တောင်ကြီး ဇွန် ၃
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးခွန်ထွန်းဖြူသည် ရှမ်းပြည်နယ် စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဇွန်လ(၂)ရက်နေ့ မနက်ပိုင်းက တောင်ကြီးမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးနှင့်တာဝန်ရှိသူများသည် Shining Myanmar ကုမ္ပဏီမှတာဝန်ယူ ဆောက်လုပ် ပြီးစီးခဲ့သော တောင်ကြီးမြို့၊ သစ်တောရပ်ကွက်၊ ကားသေးကွင်း လုပ်ငန်းဆောင်ရွက် နေမှုအခြေ အနေနှင့် ကုန်တင်ယာဉ်ရပ်နားစခန်း၏ မြေပြင်လုပ်ငန်းလည်ပတ်မှု အခြေအနေများကို ကြည့်ရှုစစ် ဆေးပီး တာဝန်ရှိသူများ၏ တင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ထို့နောက် J-United Company နှင့် ဓနုမင်းသားကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်လျက်ရှိသော ကုန်တင်ယာဉ်ရပ်နားစခန်းသို့ သွားရောက်၍ လုပ်ငန်းဆောင် ရွက်နေမှုများအားလည်းကောင်း၊ အေးသာယာမြို့၊အမှတ်(၄)ရပ်ကွက် ကားကြီးကွင်းနေရာ ဟောင်းတွင် လူနေတိုက်ခန်းဆောက်လုပ်မည့် မြေနေရာအားလည်းကောင်း၊ တောင်ကြီးထိန်သာ ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်ပြီးစီးခဲ့သော အေးသာယာမြို့အမှတ်(၃)ရပ်ကွက် ရှိ အဝေးပြေးယာဉ် ရပ်နားစခန်း၏ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအားလည်းကောင်း ကွင်းဆင်းကြည့်ရှု၍ တာဝန်ရှိသူများ၏တင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးက လုပ်ငန်းများပုံမှန်လည်ပတ်မှုရှိစေရေးနှင့် သန့်ရှင်းသပ်ရပ်မှုရှိစေရေး ဆောင်ရွက်သွားကြရန် တာဝန်ရှိသူများအားမှာကြားခဲ့ကြောင်း သိရသည်။
မင်းသန့်(ပြန်/ဆက်)