ဆီဆိုင် ဇွန် ၃
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ဖိုးစိန်က ဒေသခံပြည်သူများအား ယနေ့ နံနက်ပိုင်းက နားသံကျေးရွာအုပ်စု၊ နားမွန်ကျေးရွာရှိ ဘုန်းကြီးကျောင်း၌တွေ့ဆုံသည်။
ရှေးဦးစွာ ဆရာတော်များအား တက်ရောက်လာသူများက ဩကာသကန်တော့ချိုးဖြင့် ကန်တော့၍ ဆရာတော်ထံမှ ငါးပါးသီလနှင့် ဩဝါဒကို နာယူဆောက် တည်ကြသည်။ ထို့နောက် ပအိုဝ်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ဖိုးစိန်ကကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လိုအပ်ချက်များဖြစ်သောပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအားဆောင်ရွက်ပေးနိုင်မှုအခြေအနေများကိုရှင်းလင်းပြောကြားပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များက မိတ်ဆက်စကားများအသီးသီးပြောကြားကြသည်။
ယင်းနောက် တက်ရောက်လာကြသည့် နားသံကျေးရွာအုပ်စုနှင့် နားခိုက်ကျေးရွာအုပ်စုရှိ ကျေးရွာများမှ ဒေသခံပြည်သူများကကျေးရွာများ၏လိုအပ်ချက်များကို အသီးသီးဆွေးနွေး တင်ပြကြရာ ဌာနဆိုင်ရာတာဝန်ရှိသူများမှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှု အခြေအနေများအား ပြန်လည်ဆွေးနွေးဖြေကြားပေးပြီးဒေသဦးစီးဥက္ကဌက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ ဆက်လက်၍ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဌ ဦးခွန်ဖိုးစိန်သည် ဆီဆိုင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပါလောပါကယ်ကျေးရွာအုပ်စု၊ တိကလိုင်ကျေးရွာတွင် ရက် (၁၀၀) စီမံချက်ဖြင့်ဆောင်ရွက်သည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ရန်ပုံငွေ ကျပ်သိန်း (၁၅၀) ကိုကျေးရွာကိုယ်စားလှယ်တစ်ဦးအား လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)