မြစ်သား ဇွန် ၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သား မြို့နယ်အတွင်းရှိ အမိုနီယမ်နိုက် ထရိုတ်နှင့် ဆက်စပ်သည့်ဓာတ်မြေဩဇာအရောင်းဆိုင်များ မီးဘေးလုံခြုံ ရေးအရှိန်အဟုန်မြှင့် ကွင်းဆင်းစစ်ဆေးခြင်းများကို ဆောင်ရွက်လျက်ရှိရာ ဇွန် ၃ ရက် နံနက်ပိုင်းက မြို့နယ် မီးသတ်ဦးစီးဌာနက စစ်ဆေးဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူး ဦးအောင်မင်းကျော် ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များက အမိုနီယမ်နိုက်ထရိုတ်နှင့် ဆက်စပ်သည့် ဓာတ်မြေဩဇာ အရောင်းဆိုင်များရှိ သိုလှောင်ရုံများအတွင်း လေဝင်လေထွက်ကောင်းစေရန်ဆောင်ရွက်ထား ရှိမှုများရှိ/မရှိ၊ သိုလှောင်ရုံအတွင်း ပစ္စည်းများစနစ်တကျ သိုလှောင်ထားခြင်းရှိ/မရှိ၊ မီးငြှိမ်းရန်ရေရှိရေး ဆောင်ရွက်ထားရှိမှုများနှင့် မီးဘေး ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထား ရှိမှုများအား လိုက်လံစစ်ဆေးခဲ့ပြီး လိုအပ်သည်များကိုလမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။
ဝါဝါမြင့်(မြစ်သား)