ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးလင်းအောင်ဆွေ စိုက်ပျိုးရေးဦးစီးဌာန၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် အိတ်ဖွင့်တင်ဒါ အဆိုပြုလွှာဖွင့်ပွဲအခမ်းအနား တက်ရောက်

တောင်ကြီး    ဇွန်     ၃

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ရှမ်းပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် အိတ်ဖွင့်တင်ဒါအဆိုပြုလွှာဖွင့်ပွဲအခမ်းအနားကို ဇွန်လ(၂)ရက်နေ့၊ မွန်းလွဲပိုင်းက ရှမ်းပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပပြုလုပ်ရာ ရှမ်းပြည်နယ်အစိုးရ အဖွဲ့ဝင် ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးလင်းအောင်ဆွေ၊ တင်ဒါကော်မတီဝင်များ၊ တင်ဒါတင်သွင်းသည့် ကုမ္ပဏီများမှတာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် တင်ဒါအောင်မြင်သည့် ကုမ္ပဏီ များအနေဖြင့် မိမိအောင်မြင်သည့် တည်ဆောက်ရေးလုပ်ငန်း၊ ဝယ်ယူရေးလုပ်ငန်းများကို အရည် အသွေးစံချိန်စံညွှန်း ပြည့်မီစွာနှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေးအတွက် ပူးပေါင်း ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ပြောကြားသည်။ ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ရုံးမှ ပြည်နယ်ဦးစီးမှူး ဦးချိုနိုင်ထွန်းက တင်ဒါဆိုင်ရာ အချက်အလက်များအား ရှင်းလင်းပြောကြားပြီး တက်ရောက်လာသည့် ကုမ္ပဏီများမှ တစ်ဦးချင်းမိတ်ဆက်ကြသည်။ ယင်းနောက် Technical Proposal , Price Proposal များ ဖွင့်လှစ်၍ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်ကြကြောင်း သိရှိရသည်။

ထက်ဝေ(ပြန်/ဆက်)