ကျွန်းစုမြို့နယ်တွင် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်၍ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ တက်ရောက်လျက်ရှိ

ကျွန်းစု ဇွန်

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ၂၀၂-၂၀၂ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများကို ယမန်နေ့ နံနက်ပိုင်းမှ စတင်ဖွင့်လှစ်ရာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်း‌ပျော်ရွင်စွာ တက်ရောက်လျက်ရှိကြောင်း သိရသည်။

ကျွန်းစုမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း(၁၁)ကျောင်း၊ အခြေခံပညာအထက်တန်းကျောင်းခွဲ(၁၆)ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း(၁၂)ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်းခွဲ(၂၂)ကျောင်း၊ အ‌ခြေခံပညာမူလတန်းလွန်ကျောင်း(၂၈)ကျောင်း၊ အ‌ခြေခံပညာမူလတန်းကျောင်း(၅၆)ကျောင်း၊ အ‌ခြေခံပညာမူလတန်းကျောင်းခွဲ(၂၀)ကျောင်း၊ စုစုပေါင်း(၁၆၅)ကျောင်းနှင့် ဘုန်းတော်ကြီးပညာသင်ကျောင်း(၆)ကျောင်းရှိပြီး အဆိုပါကျောင်းများရှိ ဆရာ၊ ဆရာများ က မူ၊ လယ်၊ ထက် ကျောင်းသား၊ ကျောင်းသူများအား သက်ဆိုင်ရာ ဘာသာရပ်များအလိုက် သင်ကြားပေးလျက်ရှိရာ ကျောင်းသား၊ကျောင်းသူများက အေးချမ်းပျော်ရွင်စွာ ပညာသင်ယူလျက်ရှိကြောင်း သိရသည်။

ထက်မြင့်(ကျွန်းစု)