တံတားဦး ဇွန်၂
တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် ပြည်သူလူထုအခြေပြုသွေးလွန်တုပ်ကွေးရောဂါကူးစက်မှု ထိန်းချုပ်ရေးကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက်(၈)နာရီက တံတားဦးမြို့ အမှတ်(၁)ရပ်ကွက် သာဂေါင်ရပ်တွင် ကွင်းဆင်းဆောင်ရွက်ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် တံတားဦးခရိုင် ကျန်းမားရေးဦးစီးဌာန ခရိုင်ဆရာဝန်ကြီး ဒေါက်တာမြင့်ဦး၏ အနီးကပ်ကြီးကြပ်မှုဖြင့် မြို့နယ်ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများ ပူးပေါင်းဆောင်ရွက်ကြသည်။ သွေးလွန်တုပ်ကွေးရောဂါ ကူးစက်မှုဟန့်တားနိုင်ရန်အတွက် လိုအပ်သောဖုံး၊ သွန်၊ လဲ၊ စစ် ကာကွယ်ရေးလုပ်ငန်းများအပါအဝင် ပိုးလောက်လန်းရှာဖွေစစ်ဆေးခြင်း၊ ရေလှောင်ကန်များ အတွင်းပိုးလောက်လန်းသေစေနိုင်သော အဘိတ်(Abate) ခတ်ပေးခြင်း၊ ရေလှောင်ကန်များအတွင်း လောက်လန်းစားငါးထည့်ခြင်း၊ ခြင်ပေါက်ပွားခိုအောင်းနိုင်သောနေရာများအားရှင်းလင်းခြင်း၊ လက်ကမ်း စာစောင်များဖြန့်ဝေခြင်း၊ ဗီနိုင်းပိုစတာများအသုံးပြု၍ ကျန်းမာရေးအသိပညာပေးဟောပြောခြင်းနှင့် Fever Surveillance ဆောင်ရွက်ခြင်းများစရှိသော ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှသည်။
သွေးလွန်တုပ်ကွေးရောဂါဟာ အသက်အရွယ်မရွေးကလေး/လူကြီးမရွေးကျား/မရွေး ဖြစ်ပွားနိုင်ပါကြောင်း၊ သွေးလွန်တုပ်ကွေးမဖြစ်ပွားနိုင်ရန် ပိုးလောက်လန်းဘဝမှာနှိမ်နှင်းခြင်းသည် ပိုပြီးလွယ်ကူ ပါကြောင်းထိုရောဂါကိုကာကွယ်ရန် ခြင်ကိုက်မခံရအောင်နေထိုင်ခြင်းအင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်တို့ကို ဝတ်ဆင်ခြင်းပြည်သူများအနေဖြင့် အိပ်စက်အနားယူသည့်အချိန်တွင် ခြင်ထောင်ဖြင့် အိပ်စက်အနားယူသင့်ပါကြောင်း ဒါ့အပြင် သွေးလွန်တုပ်ကွေးရောဂါနှင့် ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သောအချက်များလမ်းညွှန်ချက်များကို လိုက်နာဆောင်ရွက်ခြင်းဖြင့် အဆိုပါရောဂါမှ ကင်းဝေးမည်ဖြစ်ကြောင်း သိရသည်။
ရဲတင့်(ပြန်/ဆက်)