မြစ်သား ဇွန် ၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် အခြေခံပညာမူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးကျောင်းများတွင် ၂၀၂၆ - ၂၀၂၇ ပညာ သင်နှစ်အတွက် ဇွန် ၁ ရက် နံနက် ၉ နာရီအချိန်က စတင်၍ ကျောင်းများစတင်ဖွင့်လှစ်ကာ ကျောင်းဆရာ/ဆရာမများက ကျောင်းသား၊ ကျောင်းသူများကို စတင် ပညာသင်ကြားပေးလျက်ရှိသည်။
မြစ်သားမြို့နယ်တွင် အခြေခံပညာကျောင်း ၁၈၄ ကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်း ၈ ကျောင်း၊ ဘုန်းတော်ကြီးကျောင်း ၅ ကျောင်း စုစုပေါင်း ကျောင်း ပေါင်း ၁၉၇ ကျောင်းရှိပြီး ကျောင်းသား၊ ကျောင်းသူများမှ အေးချမ်းစွာပညာသင်ကြားလျက်ရှိကြောင်း မြို့နယ်ပညာရေးရုံး တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ဝါဝါမြင့်(မြစ်သား)