တိုက်ကြီး ဇွန် ၂
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ပြည်သူ့အတွက် ကြိုးပမ်းဆောင်ရွက်မှုအနေဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း (VDP) စီမံကိန်းဖြင့် ကျောင်းကုန်းကျေးရွာနှင့် စက်စုကျေးရွာတို့၌ ကျေးရွာတွင်း ကွန်ကရစ်လမ်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေအား ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ရန်ကုန်တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သီတာဆွေ (နည်းပညာ) နှင့် အဖွဲ့က တိုက်ကြီးမြို့နယ် ကျောင်းကုန်းကျေးရွာနှင့် စက်စုကျေးရွာတို့၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် အစိုးရသစ်၏ ပြည်သူ့အတွက် ကြိုးပမ်းဆောင်ရွက်မှုကာလအတွင်း ကျေးရွာပြည်သူများ လမ်းပမ်းဆက်သွယ်ရေးသွားလာမှု လွယ်ကူချောမွေ့စေရန်အတွက် (VDP) စီမံကိန်းဖြင့် နိုင်ငံတော်ထောက်ပံ့ငွေကျပ် သိန်း ၁၅၀၊ ပြည်သူထည့်ဝင်ငွေကျပ် သိန်း ၉၀၊ စုစုပေါင်း ကျပ်သိန်း ၂၄၀ ဖြင့် ကျေးရွာတွင်းလမ်းအား အရှည် ၄၁၁ ပေ၊ အကျယ် ၁၀ ပေ၊ ထု ၆ လက်မ ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေအား သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မီစေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ဝတ်ရည် (ပြန်/ဆက်)