လှည်းကူးမြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ဝန်ထမ်းသားသမီးများ အားထောက် ပံ့ကြေးပေးအပ်

လှည်းကူး ဇွန် ၂

လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများ၏ သား/သမီးများအား ၂၀၂၆-၂ဝ၂၇ ခုနှစ်၊ ပညာသင်နှစ်အတွက် ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားကို မေလ (၃၁) ရက်နေ့နံနက် (၁၀) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါ ပေးအပ်ပွဲတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထွန်းနောင်၏ ဦးဆောင်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်း (၅၀) ဦး၏ သားသမီးများ အခြေခံပညာမူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၁၇ ဦး၊ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၁၁ ဦး၊ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၄ ဦး၊ တက္ကသိုလ်အဆင့် ကျောင်းသား၊ ကျောင်းသူ ၆ ဦး စုစုပေါင်း ၃၈ ဦးအား မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ တစ်ဦးလျှင် ကျောင်းသုံးဗလာ စာအုပ် (၂) ဒါဇင်၊ ကွန်ပါဗူး (၁) ဗူး၊ ခဲတံ (၂) ဒါဇင်၊ ခဲဖျက် (၁) ခု၊ ပေတံ (၁) ချောင်း၊ အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူတစ်ဦးလျှင် ကျောင်းသုံးဗလာစာအုပ် (၂) ဒါဇင်၊ ကွန်ပါဗူး (၁) ဗူး၊ ဘောပင် (၄) ဒါဇင်၊ ခဲတံ (၁) ဒါဇင်၊ ပေတံ (၁) ချောင်း၊ ခဲဖျက် (၁) ခု၊ Correction Pen (၁)၊ တက္ကသိုလ်အဆင့် ကျောင်းသား၊ ကျောင်းသူများအား တစ်ဦးလျှင် လေးသောင်းကျပ်၊ စုစုပေါင်းတန်ဖိုး ငွေကျပ် ၁,၅၀၀,၀၀ဝိ/-(ကျပ်တစ်ဆယ့်ငါးသိန်းတိတိ)အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အိရွှေစင်လတ်