မြဝတီ ဇွန် ၂
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့ပညာရွှေဖူးကိုယ်ပိုင်အလယ်တန်းကျောင်းတွင် ယမန်နေ့ နံနက် ၈ နာရီက ၂၀၂၆-၂၀၂၇ ပညာသင်နှစ် မြို့နယ်လုံးကျွတ် စာသင်ကျောင်းများ စတင် ဖွင့်လှစ်သည့်အချိန်အခါသမယကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ပညာရွှေဖူး ကိုယ်ပိုင်အလယ်တန်းကျောင်း၏ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်ကျောင်းဖွင့်ပွဲ အခမ်းအနားကို ဖွင့်လှစ်ကျင်းပခဲ့သည်။
ရှေးဦးစွာ ကျောင်းသား၊ကျောင်းသူများက အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ကာ မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မော်အောင်၊ ခရိုင်ပညာရေးမှူး ဦးစောဝါးလယ်ထူး၊ မြို့နယ်ပညာရေးမှူး ဦးမိုးကျော်၊ မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့၊ အမှုဆောင်အရာရှိ၊ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ကျော်ဦး၊ ပညာရွှေဖူး ကိုယ်ပိုင်အလယ်တန်းကျောင်း တည်ထောင်သူ founder ဦးသန်းရွှေတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့သည်။
ဆက်လက်ပြီး ခရိုင်ပညာရေးမှူး ဦးစောဝါးလယ်ထူး၊ မြို့နယ်ပညာရေးမှူး ဦးမိုးကျော်တို့က အဖွင့်အမှာစကားများပြောကြားခဲ့သည်။ ဆက်လက်ပြီးကျောင်းစတင်ဖွင့်လှစ်ခဲ့ရာ အခမ်းအနား တက်ရောက်လာကြသည့်တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက နိုင်ငံတော် အလံအားအလေးပြုခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများက မြန်မာကျောင်းသီချင်း၊ ကျောင်းကောင်စီသီချင်းများဖြင့် သံပြိုင်သီဆိုပြီး အခမ်းအနား ကိုရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ဆောင်းနှင်းဖြူ (ပြန်/ဆက်)