မရမ်းကုန်း မေ ၃၁
ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းခရိုင် မရမ်းကုန်းမြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းရှိ စန္ဒိမာခန်းမ၌ ကျင်းပသည်။
ဦးစွာ အခမ်းအနားကို အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက မြန်မာ့ကျောင်းသီချင်းဖြင့် သီဆိုဖွင့်လှစ်ကာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ထွဋ်အောင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာ ရေးမှူး ဦးလှရွှေအောင်က ကျောင်းအပ်နှံရေးလုပ်ငန်းစဥ်များကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ အ.မ.က (၁၇) မှ ကျောင်းသား၊ ကျောင်းသူများက ပြည်မြန်မာ သီချင်းဖြင့်လည်းကောင်း၊ အ.လ.က (၅) မှ ကျောင်းသား၊ ကျောင်းသူများက လမ်းပြကြယ် သီချင်းဖြင့်လည်းကောင်း၊ အ.ထ.က (၂) မှ ကျောင်းသား၊ ကျောင်းသူများ (ဘင်ခရာအဖွဲ့) က ဇာတိမာန်သီချင်းဖြင့်လည်းကောင်း ကပြဖျော်ဖြေတင်ဆက်တင်ဆက်ခဲ့ကြသည်။
ထို့နောက် နိုင်ငံတော်မှ အခမဲ့ထောက်ပံ့ပေးသည့် ကျောင်းဝတ်စုံများ၊ ပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များနှင့် ခဲတံများကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် မြို့နယ်ပညာရေးမှူးတို့က ကျောင်းသား၊ ကျောင်းသူများအား ပေးအပ်ခဲ့ကြပြီး မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌက ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
မင်းသိန်းထွန်း