မိုင်းကိုင် မေ ၃၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အ.ထ.က (မိုင်းကိုင်) မြတ်သီရိခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ကျောင်းသား၊ ကျောင်းသူများ၏ မြန်မာ့ကျောင်းသီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်တင်ဦး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းမှတ်နွမ်းတို့က အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ မိုင်းကိုင်မြို့နယ် တပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီး ခိုင်ထူးမောင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမောင်တင်ဦးနှင့် တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများအတွက် နိုင်ငံတော်က အခမဲ့ထောက်ပံ့ပေးသော ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်၊ ကျောင်းဝတ်စုံများနှင့် စေတနာရှင်အလှူရှင်များက လှူဒါန်းပေးသော အားကစားပစ္စည်းများကို အသီးသီးပေးအပ်ခဲ့ရာ မြို့နယ်ပညာရေးမှူးနှင့် ကျောင်းအုပ်ကြီးများက လက်ခံရယူခဲ့ကြသည်။
ထို့နောက် အ.ထ.က(မိုင်းကိုင်)မှ ကျောင်းသား၊ ကျောင်းသူများက ဇာတိမာန်သီချင်းသီဆို၍ အခမ်းအနားပိတ်သိမ်းခဲ့ကြောင်း သိရသည်။
ချော (မိုင်းကိုင်)