ဖယ်ခုံ မေ ၃၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဒေသအတွင်း သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းကို အရှိန်မြှင့်ဆောင်ရွက်လျက်ရှိရာ ဖယ်ခုံမြို့နယ်အတွင်းရှိ ဈေးနောက်ရပ်ကွက်နှင့် မြို့မဘုန်းတော်ကြီးကျောင်းတို့တွင် မေ ၃၀ ရက် နံနက် ၈ နာရီခွဲမှ စတင်၍ အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ်ခြင်းနှင့် အသိပညာပေး ဟောပြောခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်သည်။
ထိုသို့ဆောင်ရွက်ရာတွင် သွေးလွန်တုပ်ကွေးကာကွယ်နိုင်ရေးအတွက် ခြင်များအလွယ်တကူ ပေါက်ဖွားနိုင်သည့် ရေကန်များ၊ ကျောက်စည်၊ ရေအိုး၊ ရေပုံးများအတွင်း အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊သွန်၊လဲ၊စစ် လုပ်ငန်းများ ဆောင်ရွက်ပြီး ခြင်ကျားပေါက်ပွားမှု မရှိစေရေးအတွက် ဘုရားပန်းအိုးများ မကြာခဏ ရေလဲပေးရန် မိုးရေများ တင်ကျန်နိုင်သည့် တာယာခွံ၊ ရေအိုးဟောင်းများနှင့် ဘူးခွံများတွင် ရေများ ကြာရှည်မထည့်ထားရန်၊ ရေကန်များ၊ ကျောက်စည်များ၊ ရေအိုး၊ ရေပုံးများ အဖုံးလုံခြုံ ဖုံးအုပ်ထားရှိရန်တို့ကို အသိညာပေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)