မက်မန်း မေ ၃၁
ရှမ်းပြည်နယ်၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် “နိုင်ငံတော်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ မြို့နယ်အဆင့် ကျောင်းအပ်နှံရေး အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မက်မန်းမြို့ အခြေခံပညာအထက်တန်းကျောင်း အောင်ရတနာခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ မက်မန်းမြို့၊ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများက “ကျောင်းအပ်ကြစို့” သီချင်းဖြင့်သီဆိုဖျော်ဖြေခဲ့ကြကာ မက်မန်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦညီညီလွင်မှ အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ၂၀၂၅ -၂၀၂၆ ပညာသင်နှစ်အတွက် နိုင်ငံတော်မှ အခမဲ့ထုတ်ပေးသည့် ကျောင်းသုံးပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်နှင့် ကျောင်းဝတ်စုံများအား “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအတွင်းရေးမှူးနှင့် ခရိုင်/မြို့နယ်စီမံခန့် ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌမှပေးအပ်ပြီး “ဝ” ကိုယ်ပိုင်အုပ်ခွင့်ရတိုင်းအမျိုးသမီးရေးရာ အဖွဲ့၊ ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောင့်ရေးအသင်းတို့က သက်ဆိုင်ရာ ကျောင်းအုပ်ဆရာကြီး/ ဆရာမကြီးများထံပေးအပ်ခဲ့ပြီး မက်မန်းမြို့အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများက “ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီး တည်ဆောက်အံ့” သီချင်းဖြင့် သီဆိုဖျော်ဖြေကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် “ဝ”ကိုယ်ပိုင်အုပ်ချုပ်ရတိုင်း အတွင်းရေးမှူး ဦးကျော်မြင့်လှိုင်၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးညီညီလွင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးထွန်းလင်းအောင်၊ ခရိုင်ပညာရေးမှူး ဦးကျော်ဇံဝေ၊ မြို့နယ်ပညာရေးမှူး ဒေါ်နွယ်နွယ်အောင်နှင့် ပညာရေးဝန်ထမ်းများ၊ ခရိုင်/မြို့နယ်အဆင့်တာဝန်ရှိသူများ “ဝ” ကိုယ်ပိုင် အုပ်ချုပ်ရတိုင်းအမျိုးသမီးရေးရာဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောင့်ရေး အသင်းအဖွဲ့ဝင်များ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ ကျောင်းသား/ကျောင်းသူများ၊ ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)