ညောင်ရွှေ မေ ၃၁
ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ်၏ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို မေ ၃၀ ရက် နံနက် ၉ နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ပတ္တမြားခန်းမ၌ ကျင်းပကြောင်း သိရသည်။
ရှေးဦးစွာ ကျောင်းသား/ကျောင်းသူများက မြန်မာ့ကျောင်းသီချင်းသီဆို၍ အခမ်းအနား ဖွင့်လှစ်ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စွာလင်းက အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်၍ ကလောခရိုင် ပညာရေးမှူး ဒေါ်မြင့်မြင့်စန်းက ပညာရေး ဆိုင်ရာများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတိုးရနှင့် တာဝန်ရှိသူများက အခမဲ့ ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ၊ ဗလာစာအုပ်များ၊ ကျောင်းဝတ်စုံများ၊ သင်ထောက်ကူပစ္စည်းများ၊ အားကစားပစ္စည်းများကိုပေးအပ်ရာ သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများက လက်ခံရယူခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)