တပ်ကုန်းမြို့၌ မြို့နယ်လုံးကျွတ်ကျောင်းအပ်နှံရေးနေ့ကျင်းပ

တပ်ကုန်း မေ ၃၀

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့ နံနက်ပိုင်းက အောင်ဇေယျရပ်ကွက်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ဓမ္မာရုံတွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် ဥတ္တရခရိုင်ပညာရေးမှူး ဒေါက်တာမာမာဇင်က တပ်ကုန်းမြို့နယ်အတွင်း ကျောင်းနေအရွယ်ကလေးများအားလုံးကျောင်းအပ်နှံနိုင်ရေး “နိုင်ငံတော်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေး အားလုံးကျောင်းအပ်ကြစို့” ဆောင်ပုဒ်နှင့်အညီ ကျောင်းအပ်နှံရေးနေ့ကျင်းပရခြင်းဖြစ်ကြောင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဒေါက်တာခင်မောင်ထွန်းက ကျောင်းအပ်နှံရေးနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီးနောက် တာဝန်ရှိသူများက နိုင်ငံတော်မှပေးအပ်သည့် ကျောင်းသုံးစာရေးကိရိယာများကို သက်ဆိုင်ရာ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများအား လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

တင်စိုးလွင်